Wednesday, May 12, 2010

သူငယ်ချင်း သို. ရင်ဖွင်.စာ

ငယ်စဉ်ထဲက ရိုးသားဖြူစင်ခဲ. တဲ. မေဆွိရဲ. အတ္တသီချင်းလေးထဲက စာသားလေးပါ။ ဟုတ်တယ်နော် ကျွန်မတို.က ငယ်စဉ်တုန်းကတော. ဖြူစင်ခဲ.ကြတယ်လေ။ သုငယ်ချင်း တစ်ယောက်က မေးတယ် နင်သေချာစဉ်းစားကြည်.နော် ငါတို.ငယ်ငယ်တုန်းက တကယ်ဖြူစင်ခဲ.ကြလို.လား ။ လိုချင်တာတွေ ရှိခဲ.တယ်လေ။ သုများအရုပ်တွေ သူများမုန်.တွေ သူများကိုင်တဲ. ပစ္စည်းဆန်းဆန်းလေးတွေူတဲ.။ ဟုတ်ပါတယ် သုငယ်ချင်းရယ် ရှိခဲ.ပါတယ် ကလေးဘ၀က မပြည်.စုံမှူတွေမှာ ကြီးပြင်းလာတဲ. ငါတို.တွေက သူများဆီက လိုချင်တာတွေ ရှိခဲ.ပါတယ်။ အားကျတဲ.စိတ်လည်း ရှိခဲ.ပါတယ်။ ဒါပေမယ်. အဲဒါတွေဟာ တကယ်လိုချင်လို. ရိုးသားပါတယ်။ ငါတို.ကလေးတွေဟာ သူများဆီက လိုချင်တာရဖို. မယုတ်မာခဲ.ကြဘူး။
သူများ ဒုက္ခရောက်အောင် ချောက်မတွန်းခဲ.ဘူးလေ။
အခု လူကြီးဘ၀ရောက်တော. ငါငယ်ငယ်ကလို မဖြူစင်တော.ဘူး သူငယ်ချင်းရယ်။ လိုချင်တာကို ငယ်ငယ်ကလို ငေးမောမကြည်.တော.ဘူး။ ရအောင်ယူဖို.အတွက်ကို နည်းမျိုးစုံကို အသုံးပြုတတ်လာခဲ.ပြီ။ ကလေးဘ၀က မပြုံးတတ်ခဲ.တဲ. ဟန်ဆောင်အပြုံးတွေ ရင်ထဲမှာ တူးခါးနေအောင်မုန်း နေသူတစ်ယောက်ကို လှိုက်လှဲဖော်ရွေစွာနဲ.လည်း ဆက်ဆံတတ်ပြီလေ။ နင်ပြောအုံးမလား သူငယ်ချင်း ငါ ဖြူစင်တယ်လို.။
လူဟာ ကြီးပြင်းလာတာနဲ. အမျှ လိုချင်တာတွေ ပိုများလာတယ် သူငယ်ချင်း။ လူတိုင်းတော. ဟုတ်ချင်မှ ဟုတ်မယ်နော်။ လူတစ်ချို.ပေါ. အဲဒီထဲမှာ ငါလည်းထိပ်ဆုံးကပါတယ် သူငယ်ချင်းရေ။ မပြည်.စုံတဲ. ဘ၀မှာ ကြီးပြင်းလာတဲ. ငါဟာ သူများတွေထက်တော. လိုချင်တာတွေ များခဲ.တယ်။ ကျောင်းသူဘ၀မှာလည်း သူများနဲ. တန်းတူ စာမေးပွဲအောင်ဖို.ကို ငါဟာ နည်းမျိုးစုံနဲ. ကြိုးစားခဲ.တယ်။ အဲဒီထဲမှာ ငယ်ငယ်တုန်းက မရှိခဲ.ဘူးတဲ. စာခိုးချတယ်ဆိုတာလည်း ထိပ်ဆုံးက ပါခဲ.တယ်။
ငါဟာ ငယ်ငယ်တုန်းကထဲ သူများကိုင်တဲ. ပစ္စည်းတွေကိုမှ အားကျခဲ.တာ လိုချင်ခဲ.တာ နင်အသိဆုံးပါနော် သူငယ်ချင်း(ငါ.တို. ကိုယ်တိုင်က အဲလောက် ကောင်းတာတွေကို မှ မကိုင်ခဲ.ဖူးတာကို) အခုအချစ်ရေးမှာလည်း သူများချစ်နေတဲ. လူတစ်ယောက်ကိုမှ ချစ်မိနေပြီ သူငယ်ချင်းရယ်။ ငါသူ.ကို ရဖို. နည်းမျိုးစုံကို အသုံးပြုရတယ် သူငယ်ချင်းရေ။
နင်မတားပါနဲ.တော. သူငယ်ချင်း။ အခု ငါတို.ချစ်သူတွေ ဖြစ်သွားကြပြီ။ နင်ထင်နေသလား ငါပျော်နေတယ်လို.။ဟုတ်တယ် သူငယ်ချင်း ငါပျော်တယ်။ ဒါပေမယ်. ငါစိတ်မချမ်းသာဘူး ဟာ ငါအမြဲတမ်း ပူလောင်နေ၇တယ်။
သူများ ဒုက္ခရောက်အောင် လုပ်သူဟာ တန်ပြန်အကျိုး သက်ရောက်မှူတော. ရစမြဲဘဲ သူငယ်ချင်း။ ငါဟာ သူများဆီက လုယူထားတဲ. အတွက် သူများက ငါ.ဆီက ပြန်လုယူ သွားမှာ စိုးရိမ်ရတယ်။ အချစ်ဟောင်းဆီ ပြန်သွားမှာကို စိုးရိမ်ရတယ်။ အဲဒီအပူတွေဟာ ဘယ်လောက်များလည်း သူငယ်ချင်း ဘာနဲ.မှ မတူဘူးလေ။ ငယ်ငယ်တုန်းက ကလေးဘ၀ကလို အရုပ်တစ်ရုပ်ထဲကို သူငယ်ချင်းတွေ ၀ိုင်းဆော.ကြခဲ.သလို ငါသဘောထား မကြီးနိုင်ဘူးလေ။ ငါ တစ်နေ.တော. အတ္တ မရှိတဲ. လူ တစ်ယောက် ဖြစ်ချင်ပါတယ် သူငယ်ချင်းရယ်။
ဘာဘဲပြောပြောလေ ငါ ကလေး ဘ၀ကိုတော. တစ်ခါလောက် ပြန်ရချင်သေးတယ် ။

No comments:

Post a Comment